Skip to product information
1 of 1

VIDURA

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်နည်း- မြတ်ငြိမ်း

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်နည်း- မြတ်ငြိမ်း

Regular price 120.00 ฿ THB
Regular price Sale price 120.00 ฿ THB
Sale Sold out
Shipping calculated at checkout.

ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပါလျက် မဝံ့မရဲဖြစ်နေသူတွေ၊ တွန့်ရွံနေသူတွေအတွက် အံကိုက်ဖြစ်စေမယ့် စာအုပ်ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ရာမှာ အောင်မြင်စေရန်အတွက် မိမိဘက်က ပြင်ဆင်ထားရမယ့် အချက်တွေ၊ ရှိသင့်တဲ့ အရည်အချင်းတွေကို စာအုပ်ကတဆင့် သိမြင်သဘောပေါက်လာစေမှာ ဖြစ်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိလာအောင်လည်း တွန်းအားပေးနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။

new normal age, post covid age, online business age ဆိုတဲ့ ယနေ့ခေတ်မှာ လခစား ဝန်ထမ်းဘဝက စွန့်ခွာလာသူများတဲ့ ဒီလိုကာလမျိုးမှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ အချိန်အခါကောင်းပါ။

တချို့က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်ဖို့ ကျပ်သိန်းပေါင်းများစွာ လက်ငင်းမတည်ရလိမ့်မည် ဟု မှတ်ထားကြပါသည်။ အမှန်တော့ အရင်းအနှီးနည်းနည်းဖြင့် ရိုးသားဖြောင့်မတ်စွာ လုပ်ငန်းထူထောင်လို့လည်းရပါသည်။ ဇွဲမာန်အပြည့် နည်းစနစ်ကောင်းကောင်းဖြင့် အားထုတ်လျှင် အောင်မြင်ဖို့ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်.။ အရင်းအနှီးနည်းနည်းဖြင့် တနိုင်တပိုင် စတင်ပျိုးထောင်ခြင်းက အောက်သက်ကျေမည်၊ ကြာရှည်ခိုင်မည်ဟု ယူဆပါသည်။ ကိုယ့်လုပ်ငန်း အောင်မြင်အခြေခိုင်ပြီးမှ လုပ်ငန်းလည်ပတ်ငွေ တိုးမြှင့်ခြင်းက ပိုမိုသင့်မြတ်ပါသည်။ ယခုအခါ ဘဏ်လုပ်ငန်းတွေလည်း စတင်ထွန်းကားလာပြီဖြစ်ရာ ကိုယ့်လုပ်ငန်း ခိုင်မာစပြုလာပြီဖြစ်လျှင် လုပ်ငန်းလည်ပတ်ငွေ တိုးမြှင့်ရေးသည် မခက်ခဲတော့ဟု ယူဆပါသည် ဟူ၍ စာရေးသူက ညွှန်းဆိုထားပါတယ်။

(1) လုပ်ငန်းစဖို့ပြင်ဆင်ခြင်း။
(2)စိတ်ကူးကောင်းတစ်ခုဖော်ထုတ်ခြင်း
(3)အောင်နိုင်ရေး စီမံကိန်းတစ်ခုဖော်ထုတ်ခြင်း
(4) သင့်လုပ်ငန်းအတွက် ငွေရှာခြင်း
(5) ကြိုတင်စီမံထားခြင်း
(6) စျေးကွက်ဖော်ဆောင်ခြင်း
(7) ရောင်းကျင့်ရအောင် ပျိုးထောင်ယူခြင်း
(8) အရည်အချင်းကောင်းများ ပျိုးထောင်ယူခြင်း
(9) တိုးတက်မှုကို ထိန်းထားခြင်း
(10) အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းခြင်း
စတဲ့ အခန်းခွဲ ခေါင်းစဉ်ခွဲများစွာနဲ့ စနစ်တကျသုံးသပ်တင်ပြပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

View full details